အမေ့သားရဲ့စကားလက်ဆောင်

           

           အမေ့သားမြန်မာစတိုးကို ကိုးရီးယားနိုင်ငံ ချိုချီဝမ်မြို့ တွင် အဖြူရောင်သူငယ်ချင်းများ ၏ အာပေးမှု ဖြင့် မြန်မာအစားအစာ များကို ကိုးရီးယားရောက် ရွှေမောင်နှမတို့အတွက် ဖွင့်လှစ်ခဲ့သည်မှာ တနှစ်နီးပါး ရှိခဲ့ပါပြီ။ တနှစ်တာအတွင်း ဝယ်ယူအားပေးခဲ့ကြသောမိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ရှိကြောင်း ပြောကြားလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မပြောဖြစ်ခဲ့ပါ။ 
           ယခု အားလုံး၏တောင်းဆိုမှုကြောင့် အမေ့သားမြန်မာစတိုး၏ ဘလော့ဒ်ကလေးကို ပြုလုပ်ဖြစ် သောအခါမှ ဝယ်ယူအားပေးခဲ့ကြသောမိတ်ဆွေအပေါင်းအား ကျေးဇူးတင်ကြောင်း တဝကြီးပြော ရပါ တော့သည်။ အားလုံးကို ကျေးဇူးတင်ပါသည်။ ကျနော်..ကျမ တို့၏ မြန်မာစတိုးဆိုင်ကလေးကိုဆက်လက်၍ အားပေးကြပါအုံး ဟုလည်း ထပ်မံ၍ ဖိတ်မံတက ပြုအပ်ပါသည်။ 


မေတ္တာများစွာဖြင့်
အမေ့သားမြန်မာစတိုး
ချိုချီဝမ်
ကိုးရီးယား